Wednesday, December 14, 2016

ထီပေါက်သူနှင့်ဆွေးနွေးခြင်း



ထီပေါက်သူနှင့်ဆွေးနွေးခြင်း


မဖြစ်သေးသည်ကို ကြိုတင် သိခြင်းသည် ဝေဒနည်းပညာဖြစ်သည်။
ထီအကြံပြု ပေးရာ လိုက်နာကျင့်သုံးရာ (၃၃၂)ကြိမ် (၁.၉.၂၀၁၆)ထီဖွင့်ပွဲတွင်
ထီပေါက်သူနှင့် အကြောင်းညီညွတ်သဖြင့် (၃.၉.၂၀၁၆)ရက်နေ့၊ဟောခန်းတွင်
ဆွေးနွေးဖြစ်ပါသည်။
ထီအကြံပြုပေးရာ လိုက်နာကျင့်သုံးရာ ထီပေါက်သဖြင့် ထီပေါက်သူနည်းတူဝမ်းသာ
ပိတိဖြစ်ကာ မှတ်တမ်းတင်လိုက်ပါသည်။

ထီပေါက်ချင်တယ် ဘယ်စနစ်နဲ့ ထီကံစမ်းသပ်ရမလဲ?ဆွေးနွေးလာခြင်းလည်း
ဖြစ်ပါသည်။
မြန်မာ့အောင်ဘာလေထီတွင် အက္ခရာနှင့် နေရာအလိုက် ဂဏန်း(၆)လုံး ရှိသည့်
အနက်ဘယ်နေရာက ဘာတွေကို ယူထားပြီး၊ဘယ်နေရာက ဘာတွေကို ကံတိုက် ထီကံစမ်းသပ်မှာလဲ၊မိမိစိတ်ကြိုက် ထီကံစမ်းသပ်နိင်ကြောင်း ဆွေးနွေးဖြစ်ပါသည်။

ယခုအကြိမ် ထီပေါက်သည့်နည်းစနစ်
၁။ မြန်မာ့အောင်ဘာလေ ထီပေးသည့်စနစ်အရ ယခုအကြိမ် ထီပေါက်အောင်
ကံစမ်းသည့်နည်းစနစ်အရ အက္ခရာ၊ပထမနေရာဂဏန်းနှင့်ဒုတိယနေရာဂဏန်းတို့ကို
ယူထားပြီး နောက်ဂဏန်း(၄)လုံးကို ကံတိုက်ထီကံစမ်းသပ်ခြင်း ဖြစ်ပါသည်။
အထူးမင်္ဂလာစုံတွဲ အင်တာနက်(၉၀)တွဲ ထီကံစမ်းသပ်ခြင်း ဖြစ်ပါသည်။
ဝေေ၀ဆာဆာ ပဒေသာဆုမဲ ကျပ်(၅)သောင်းဆုတွင်ထီအက္ခရာ၊ပထမနေရာ
ဂဏန်းနှင့်ဒုတိယနေရာ ဂဏန်းတို့ကို ယူထားသဖြင့် ထီ(၃)ဆု ထီပေါက်မည်
ဖြစ်ပါသည်။
ငွေကြေးတတ်နိင်သူများ ယခုအကြိမ် ထီပေါက်အောင် ကံစမ်းသည့်နည်းစနစ်
ဖြစ်ကြောင်းဆွေးနွေးဖြစ်ပါသည်။
ညဉ်နှင့်မလုပ်စမ်းပါနှင့် ဥာဏ်နှင့်လုပ်စမ်းပါဆိုသဖြင့် ဝေဒနည်းပညာဖြင့် ပေါင်းစပ်ပြီး
ထီကံစမ်းသပ်ခြင်းသည် ဥာဏ်နှင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်းကိုလည်း ဆွေးနွေးဖြစ်
ပါသည်။
ဝေဒနည်းပညာဖြင့် ပေါင်းစပ်ပြီး ထီကံစမ်းသပ်သည့်နည်းစနစ်ဆွေးနွေးခြင်း
၁။ မကြာခဏ ထီပေါက်သည့်နည်းနစ်
၂။ ထီပေါက်ကိန်းရှိသည့် ကာလအတွင်း ထီပေါက်သည့်နည်းစနစ်
စသည်တို့ကို ဆွေးနွေးဖြစ်ပါသည်။
ဇာတာရှင်မှ မကြာခဏ ထီပေါက်သည့်နည်းစနစ်ကို စိတ်ဝင်စားသဖြင့် နားလည်သည်
အထိ၊ဆွေးနွေးဖြစ်ပါသည်။
မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ
ထီပေါက်မည့် ဒုတိယနေရာဂဏန်း(၃)လုံးဖြင့်၊အထူးမင်္ဂလာစုံတွဲ ထိပ်စီးစုံ(၉)တွဲကို
ထီကံစမ်းသပ်ခြင်းဖြစ်ပါသည်။
ထီအထူးမင်္ဂလာစုံတွဲ ထိပ်စီးစုံ(၉)တွဲကို မိမိထီပေါက်မည့် ဒုတိယနေရာဂဏန်း(၃)
လုံးဖြင့် အထူးမင်္ဂလာစုံတွဲ(၂၇)တွဲ ထီကံစမ်းသပ်ခြင်း ဖြစ်ပါသည်။
ဘယ်နေရာက ဘာတွေကို ယူထားတာလဲ
ထီပေးသည့်စနစ်အရ
မြန်မာ့အောင်ဘာလေထီတွင် ပထမဦးဆုံး တူဖို့လိုသည်မှာထီအက္ခရာ ဖြစ်ပါသည်။
အထူးမင်္ဂလာစုံတွဲ အက္ခရာစုံ ထီကံစမ်းသပ်ထားဖြင့်  ထီအက္ခရာတူပြီး ဖြစ်ပါသည်။
သင်္ချာဗေဒနည်းစနစ်အရ
ဒုတိယအနေဖြင့် တူဖို့လိုသည်မှာ ပထမနေရာဂဏန်းဖြစ်ပါသည်။
ပထမနေရာဂဏန်း(၁)မှ(၉)ထိ၊ဂဏန်း(၉)လုံးရှိပါသည်။သင်္ချာဗေဒနည်းစနစ်အရ
ပထမနေရာဂဏန်းများ တူလိုသဖြင့် ထိပ်စီးစုံ(၉)လုံး ထီကံစမ်းသပ်ထားရာ
ပထမနေရာဂဏန်းများလည်း တူပြီး ဖြစ်ပါသည်။
ဝေဒနည်းပညာအရ
ဒုတိယနေရာဂဏန်း(၀)မှ(၉)ထိ၊ဂဏန်း(၁၀)လုံးရှိပါသည်။
မူလဇာတာတွင်သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ
ထီပေါက်မည့် ဒုတိယနေရာဂဏန်း(၃)လုံးဖြင့် ထီကံစမ်းသပ်ခြင်း ဖြစ်ပါသည်။
ဝေဒနည်းပညာဖြင့် ပေါင်းစပ်ပြီး ဒုတိယနေရာဂဏန်း(၃)လုံးကို ထီကံစမ်းသပ်ခြင်း
ဖြစ်ပါသည်။
ကံတိုက်ထီကံစမ်းခြင်း
ထီအက္ခရာကို=ထီပေးသည့်စနစ်အရ ယူထားခြင်း
ပထမနေရာဂဏန်းကို=သင်္ချာဗေဒနည်းစနစ်အရ ယူထားခြင်း
ဒုတိယနေရာဂဏန်းကို=ဝေဒနည်းပညာအရ မိမိထီပေါက်မည့် ဒုတိယနေရာဂဏန်း
                           (၃)လုံးကို ယူထားခြင်း
နောက်ဂဏန်း(၄)လုံး=ကံတိုက်ထီကံစမ်းသပ်ခြင်း

ဝီရိယကို(၂)ဆတိုးကာ ဆောင်ရွက်ထားခြင်း
မိမိထီပေါက်မည့် ဒုတိယနေရာဂဏန်း(၃)လုံးကို ဝေဒနည်းပညာဖြင့် ကြိုတင်သိရှိ
ရသဖြင့်လည်းကောင်း၊ထီကံစမ်းသပ်သည့် နည်းစနစ်ကို ကြိုတင်သိရှိရသဖြင့်
လည်းကောင်း၊ထီပေါက်မည့် ဂဏန်းများ ရရှိဖို့အတွက် ၀ီရိယကို(၂)ဆတိုးကာ
ရရှိအောင်(၁)လ ကြိုတင် စာရင်းပေးပြီး ထီကံစမ်းသပ်ခြင်း ဖြစ်ပါသည်။
ထီပေါက်ဖို့က ပထမ
ထီဆုမဲပေါင်း(၄၂၂၃၉)ဆု ရှိသည့်အနက် ကံအကျိုးပေးသော ထီဆုများ ပေါက်ခြင်း
ဖြစ်ပါသည်။
ဇာတာရှင် ထီပေါက်သဖြင့် ထီပေါက်သူနည်းတူ ၀မ်းသာပီတိဖြစ်ကာ မှတ်တမ်းတင်
လိုက်ပါသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်.

No comments:

Post a Comment